Pages

QuickPath Interconnect (QPI)

အရင်တုန်းကတော့ Intel CPU တွေဟာ FSB (Front Side Bus) လို့ခေါ်တဲ့ external bus ကိုအသုံးပြုကာ Memory နဲ့ CPU ကြားထဲမှာ I/O requests တွေကို ပို့ဆောင်ပါတယ်။အခုအသစ်ထွက်ပေါ်လာတဲ့ Intel CPU တွေမှာတော့ Memory Controller ဟာ CPU နှင့်အတူပါဝင်လာပါတယ်။ပြင်ပနဲ့ချိတ်ဆတ်ဖို့အတွက် external bus နှစ်ခုကိုထောက်ပံ့ပေးထားပါတယ်။ တစ်ခုကတော့ Memory Bus ဖြစ်ပြီး CPU နှင့် Memory ကိုချိတ်ဆက်ပေးထားပါတယ်။အခြားတစ်ခုကတော့ I/O Bus ဖြစ်ပြီး သူကတော့ CPU နှင့်အခြားသော external device တွေကိုဆက်သွယ်ပေးဖို့အသုံးပြုထားပါတယ်။ ဒီ Bus ကို QPI (QuickPath Inter
connect (QPI) )လို့ခေါ်ပါတယ်။အောက်မှာပြသထားတဲ့ပုံလေးနှစ်ပုံကိုယှဉ်ကြည့်လိုက်ပါ။တစ်ပုံကတော့ Intel CPU တွေသုံးလေ့ရှိတဲ့ traditional architecture ဖြစ်ပြီး ၊ နောက်တစ်ပုံကတော့ CPU နှင့်အတူ Memory Controller ကိုပူပေါင်းတည်ဆောက်ထားတဲ့ပုံစံပဲဖြစ်ပါတယ်။




တကယ်တော့ ဒီလိုနည်းပညာပုံစံကို AMD ကနေ2003ခုနှစ်လောက်ကတည်းကအသုံးပြုနေခဲ့တာ
ဖြစ်ပါတယ်။ သူ့ရဲ့တည်ဆောက်မှုပုံစံကလည်း Athlon 64 CPU တွေကနေ လက်ရှိထုတ်လုပ်နေတဲ့ 
CPU တွေအထိကို integrated memory controller ကိုအသုံးပြုထားပြီးပြင်ပနဲ့ချိတ်ဆက်ပို့ဆောက်ဖို့
အတွက်HyperTransport လို့ခေါ်တဲ့ BUS ကိုအသုံးပြုထားတာဖြစ်ပါတယ်။ QPI ဆိုတာကလည်း
HyperTransport နှင့်ပုံစံတူလုပ်ဆောင်တယ်လို့ပြောလို့ရပါတယ်။ဒါပေမယ့်လို့သူတို့နှစ်ခုက compatible တော့မဖြစ်ပါဘူး။
နည်းပညာအရပြောရမယ်ဆိုရင် QPI နဲ့ HyperTransport နှစ်ခုလုံးဟာ Bus တွေမဟုတ်ကြပါဘူး။ Point to Point ချိတ်ဆက်ထားခြင်းမျိုးဖြစ်ပါတယ်။ Bus ဆိုတာကတော့ ၀ါယာအနည်းနဲ့အများပါဝင်ပြီး သူတို့နဲချိတ်ဆက်ဖို့အစိတ်အပိုင်းတော်တော်များများကိုတပြိုင်နက်ထဲအသုံးပြုနိုင်စေနိုင်ခြင်းကိုခေါ်ဆိုပါတယ်။
ဒါကြောင့်မို့ technically အရခေါ်မယ်ဆိုရင်သူတို့ကို Bus လို့မခေါ်ဆိုသင့်ပါဘူး။ Hyper Transport လိုပဲ QPI ဟာCPU နဲ့ chipset ကြားထဲမှာ မတူညီတဲ့  lane နှစ်ခုကိုအသုံးပြုထားပါတယ်။ဒီလိုခွဲထားခြင်းအားဖြင့်
CPU ကိုတစ်ချိန်ထဲမှာ data transmit and receive လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ အရင်ပုံစံအဟောင်းအတိုင်းဆိုရင်ဖြင့် တစ်ချိန်ထဲမှာ data transmit or receive လုပ်ဆောင်မှုမပြုနိုင်ပါဘူး လွယ်လွယ်ပြောရရင်တော့ northbridge chip က cpu နှင့်အတူပူပေါင်းပါဝင်သွားပြီး ကျန်ရှိနေတဲ့ south bridge ကတော့ I/O hub အဖြစ်ကျန်ရှိနေတာဖြစ်ပါတယ်။


LGA 2011


LGA 2011 socket ကို Intel ကထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့ကို Socket Rလို့လည်းခေါ်ပါတယ်။ 
LGA 1366 (Socket B ) နဲ့ LGA 1567 ကိုအစားထိုးဖို့ဖြစ်ပြီး စွမ်းရည်မြင့် Desktop တွေနဲ့ 
Server တွေမှာသုံးဖို့ ရည်ရွယ်ပါတယ်။ ဒီ Socket ကို  14 November 2011မှစတင်ထုတ်ဝေခဲ့ တာဖြစ်ပြီး 
DDR3-1600 4 memory channels ပါဝင်တဲ့ E-series Sandy Bridge processorsတွေတပ်ဆင်
အသုံးပြုနိုင်မှာဖြစ် DDR-3 Quad-channel နဲ့ Shared L3 cache 15 MB ထိထောက်ပံပေးနိုင်ပါတယ်။ 
LGA 2011 motherboard တွေမှာ memory slot 4 or 8 slots ပါဝင်တဲ့အတွက် memory ပမာဏ အများဆုံး 32 GB,64GB or 128 GB ထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။LGA 2011 socket တွေဟာ
အနာဂတ်မှာထွက်ပေါ်လာအုံးမယ့် Ivy Bridge microarchitecture လည်းကိုက်ညီမှုရှိအောင်ထုတ်လုပ်
ထားတာဖြစ်ပါတယ်။ Intel ရဲ့ X79 chipset နှင့်အတူ အသုံးပြုဖို့ အတွက် လည်းထုတ်လုပ်ခဲ့တာ
ဖြစ်ပါတယ်။

Desktop series အတွက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်


ဒါကတော့ Sever series အတွက် ဖြစ်ပါတယ်။

မော်ဒယ်အားလုံးကတော့ Intel ရဲ့ Instruction Set တွေဖြစ်တဲ့ MMX, SSE, SSE2, SSE3, SSSE3, SSE4.1, SSE4.2, AVX တွေကိုပါ ထောက်ပံ့ပေးထားတဲ့အပြင် နာမည်ကြီး Speedstep,HyperThreading
Turbo Boost စသည့်နည်းပညာတွေကိုလည်းထောက်ပံ့ပေးထားပါတယ်။

Ref:Wiki



Gigabit Ethernet ဟာ ပုံမှန် UTP (unshielded twisted pair) ကိုပဲအသုံးပြု၍ 1.000 Mbps နှုန်းနဲ့ Data
transfer လုပ်နိုင်ပါတယ်။ Ethernet Cat 5 ကေဗယ်မှာ ၀ါယာရှစ်ပင်ပါဝင်ပြီး 10 BaseT နဲ့ 100 BaseT (10Mbps and 100 Mbps) Starndard ဖြင့် အသီးသီးလုပ်ဆောင်ပါတယ်။ တကယ်တော့ ငါယာ လေးပင်ကိုပဲအဓိကသုံးစွဲတာဖြစ်ပါတယ်။နှစ်ပင်က Data ပို့လွတ်ဖို့အတွက်အသုံးပြုပြီး နှစ်ပင်ကိုတော့ Data လက်ခံဖို့အသုံးပြုပါတယ် ။





Ethernet Standard မှာ data ကို electromagnetic noise ရန်မှကာကွယ်ဖို့ cancellation လို့ခေါ်တဲ့
နည်းပညာကိုအသုံးပြုပါတယ် ။ Data ပို့လွတ်တဲ့ပတ်ဝန်းကျင်မှာ Electromagnetic interference
ကြားဝင်နှောက်ယှက်မှုများလာတဲ့အခါမှာ ပို့လွတ်တဲ့ Data ကိုပျက်စီးစေနိုင်ပါတယ် ၊ ဒီလိုဖြစ်တဲ့
ပြသာနာကိုတော့ crosstalk ဖြစ်တယ်လို့ခေါ်ပါတယ် ။ ဒီအတွက် cancellation နည်းပညာကိုအသုံးပြု
ရပါမယ် ။ Cancellation ဆိုတာကလည်းအထူးအဆန်းတော့မဟုတ်ပါဘူး..ရိုးရိုးရှင်းရှင်းလေးပါပဲ
အလုပ်လုပ်ဆောင်ပုံကတော့ Data ကိုတစ်ဘက်ကိုပို့လွတ်တဲ့အခါမှာ တူညီတဲ့ Data ကိုနှစ်ကြိမ်
ပို့လွတ်လိုက်ပါတယ်...ဥပမာ First signal နဲ့ Second signal ပေါ့ဗျာ...second signal ကတော့
အရန် mirror signal ဖြစ်ပါတယ်.....တစ်ဘက်ကလက်ခဲ့တဲ့ device ဆီသို့ရောက်ရှိတဲ့အခါမှာတော့
ဒီ First signal နဲ့ Second Signal နှစ်ခုကိုတိုက်ဆိုင်စစ်ဆေးပါတယ် ။ ဒီနှစ်ခုဟာတူညီမှုရှိရပါမယ်
ဒီ Signal နှစ်ခုဟာမတူညီပဲကွဲပြားနေမယ်ဆိုရင်တော့ ဒါဟာ noice signal ၀င်ရောက်လာတာဖြစ်
ပါမယ် ။ဒီနည်းလမ်းဟာ လက်ခံတဲ့ Device အနေနဲ့အလွယ်တကူ Noice signal ပါဝင်မှုရှိမရှိကို ပယ်ဖျက်ဖို့သိနိုင်ပါမယ်။

+ TD ၀ါယာက Data ထုတ်ပေးဖို့နဲ့ +RD ၀ါယာကတော့ Data လက်ခံဖို့အတွက်ဖြစ်ပါတယ် ..
-TD နဲ့ - RD ကတော့ mirror signal ဖြစ်ပါတယ်.....................................................။

ဆက်ရန်........

Core i 3, Core i5 ,Core i7 Series Table

Click နှိပ်ပြီးအကြီးချဲ့ကြည့်လိုက်ပါ


















Multitasking----Hyper-Threading------Virtualization.

ဒီနည်းပညာအကြောင်းတွေကကွန်ပျူတာသမားတော်တော်များများရင်းနှီးပြီးသားစကားလုံးလေးတွေပါ
ဒါပေမယ့်လို့ ဒီ သုံးခုလုံးဟာ တစ်ခုနဲ့တစ်ခုရောထွေးသွားနိုင်ပါတယ်...နည်းနည်းရှင်းလင်းကြည့်ရအောင်


Multitasking
        Multitasking ဆိုတာကတော့ Operating System တစ်ခုထဲပေါ်မှာပဲ  နှစ်ခုထက်ပိုတဲ့ Programs
အများအပြားကိုတစ်ပြိုင်နက်ထဲ Parallel အသုံးပြုနိုင်စေခြင်းပဲဖြစ်ပါတယ် ။ အောက်ကပုံလေးကိုကြည့်
လိုက်ရင် အတော်လေး ရှင်းသွားမယ်ထင်ပါတယ် ။


Hyper-Threading



          Hyper-Threading ကတော့ အတုအယောင် CPU နှစ်လုံးအနေနဲ့လုပ်ဆောင်ပါတယ်။ဒါပေမယ့်လို့
Performance ကိုညီတူညီမျှဖြစ်စေဖို့ကတော့ Physical CPU တစ်လုံးထဲကပဲ SMP (Symmetric Multi Processing ) အနေနဲ့လုပ်ဆောင်ပေးရပါတယ် ။ ပုံလေးကိုတစ်ချက်ကြည့်လိုက်ရအောင်..................







 Virtualization
        
              Virtualization မှာကတော့  OS အများအပြားကတစ်ပြိုင်နက်ထဲမှာ အလုပ်လုပ်နေပါမယ်
OS တစ်ခုချင်းစီမှာလဲ  Programs အများအပြားက တစ်ပြိုင်နက်ထဲ အလုပ်လုပ်နေပါမယ်..............
OS တစ်ခု ချင်းစီကတော့ Virtual CPU (or) Virtual Machine တစ်ခုခုပေါ်မှာအလုပ်လုပ်ပါမယ်.....
ပုံလေးကိုကြည့်လိုက်ရအောင်......





တစ်ကယ်တော့ Virtualization ဆိုတာကနည်းပညာအသစ်ကြီးရယ်တော့မဟုတ်ပါဘူး.................
ဒီနည်းပညာက Virtual 8086 (V86) mode ရဲ့နည်းပညာနဲ့ဆင်တူပါတယ်..ဒါကို 386 Porcessor
လက်ထက်ကတည်းကအသုံးပြုနေပါပြီ..ဒီ V86 mode နဲ့ Dos Based Programs တွေကို Parallel
အလုပ်လုပ်စေဖို့ Virtual 8086 machines အများအပြားအဖြစ်ဖန်တီးအသုံးချနိုင်ပါတယ်...........
VT နဲ့ Operating System အများအပြားကို အပြည့်အ၀အသုံးချနိုင်ပါတယ်............................

The Abrams Brothers - Viva La Vida



DOWNLOAD

POWER

Computer တစ်လုံး အလုပ်လုပ်ဖို့အတွက် power တော့လိုအပ်မှာပေါ့ ။ Power မရရှိပဲ
သူဘယ်လိုအလုပ် လုပ်နိုင်ပါ့မလဲလူတွေလိုပေါ့ဗျာ အိပ်ရေးပျက်လို့.ပင်ပန်းနွမ်းနယ်နေရင်
အားမရှိရင်အလုပ်လုပ်ဖို့မလွယ်ပါဘူး။ Power Supply ဟာcomputer တစ်ခုလုံးအတွက်
Power ထောက်ပံ့ပေးသူပေါ့။ Power Supply ဟာ Wall Socket မှတဆင့် လိုအပ်တဲ့
လျှပ်စစ်စွမ်းအင် AC current ကို ယူပြီး computer ရဲ့ ပစ္စည်းကိရိယာတွေအလုပ်လုပ်ဖို့
အတွက် DC current ကိုပြောင်းလဲကာ ထောက်ပံ့ပေးပါတယ်။ Electrical နဲ့ပါတ်သတ်လို့
ဖတ်ထားသလောက်လေးကို အကျဉ်းချူပ်လေး ပြန်လည်ရေးသားပြချင်ပါတယ်



Electric ဆိုတာဟာ အလွန်သေးငယ်သော အနုတ်သဘောဆောင်တဲ့ electron လေးတွေ
စီးဆင်းခြင်းပဲဖြစ်ပါတယ်ဒီ electron လေးတွေစီးဆင်းခြင်းဟာ ပိုက်လိုင်းထဲမှာ ရေတွေစီး
ဆင်းတာနဲ့ဆင်တူပါတယ် ။ Electricity ကိုနားလည်ဖို့ ရေတွေ စီးဆင်းတဲ့ ဥပမာကို
စဉ်းစားကြည့်ကြရအောင်.................................။



ရေတွေဟာ မြေကြီး ၊ ရေတွင်း ၊ မြစ်တွေ ၊ ချောင်းတွေကနေ စီးဆင်းလာပါတယ်
မြို့တော်တစ်ခုမှာဆိုရင်တော့ ရေဟာ ၊ရေထောက်ပံ့ပေးနေတဲ့ water supply
company တွေကနေ တဆင့်ဖြန့်ဝေပေးပါတယ် ၊ ဒီ company တွေဟာ
လည်း ရေတွေကို မြေကြီးထဲမှတဆင့် ထုတ်ယူပြီး ပြန်လည်ဖြန့်ဝေပေးခြင်းပါပဲ။
ဒီအတွက် ကျွန်တော်တို့ဟာwater supply company တွေကို ရေအဖိုးအခ
ပေးဆောင်ရပါတယ်...........။




ဒီရေတွေဟာ water company တွေကနေ ဖိအား (pressure) တစ်ခုခု သက်ရောက်စေ
ခြင်းအားဖြင့်ကျွန်ုပ်တို့ရဲ့ ရေပိုက်တွေဆီသို့ရောက်ရှိလို့လာပါတယ်။ Electricity သည်
အဆိုပါသဘောတရားနည်းတူ လုပ်ဆောင်ပါတယ် ။ရေများစီးဆင်းနိုင်ရန် တွန်းအား
ဖိအား လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အားစီးဆင်းသွားနိုင်ရန် လည်းလျှပ်စစ်တွန်းအား
ဖိအား လိုအပ်ပေမည်။ ဓာတ်ခဲ ၊ ဘက်ထရီအိုး ၊ဒိုင်နမို တို့သည်လည်း လျှပ်စစ် တွန်း
အားထုတ်လုပ်ပေးနိုင်သော ကိရိယာများဖြစ်ကြသည်။ Electric companies တွေကနေ
wire များမှတဆင့်အိမ်အရောက်ကိုဖိအား တစ်ခုသက်ရောက်စေခြင်းဖြင့်ပို့ဆောင်ပေးပါတယ်
ဝါယာကြိုးတစ်လျှောက် electron တွေကို တွန်းပို့ လိုက်တဲ့တွန်းအားကို ( ဗို့ )လို့ခေါ်ပါတယ်
တိုင်းတာတဲ့ unit ကတော့ voltage (V) ဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှ လျှပ်စစ်ဖြန့်ဝေပေးရန်
သုံးစွဲတဲ့ဗို့အားသည် 220 V ဖြစ်ပါတယ် ။ အချို့သောနိုင်ငံကြီးတွေမှာတော့ ၁၁၀ ဗို့အားကို
ိုအသုံးပြုပါတယ်............။



ရေပိုက်လိုင်းအတွင်း (သို့ )မြစ်များ ချောင်းများ အတွင်း ရေစီးကြောင်း (Water Current)
ရှိသကဲ့သို့ ၀ါယာကြိုးများအတွင်း ၌ လည်း လျှပ်စီးကြောင်း ရှိသည်ဟု လက်ခံထားကြသည်
ီအိမ် ၊ ရုံးအရောက် သို့ Transformer တို့မှတဆင့် ၀ါယာကြိုး တစ်လျှောက် ဖြတ်သန်းစီး
ဆင်းလာတဲ့ electron အရေအတွက်ကိုတော့Current (သို့) ampere လို့လည်းခေါ်ပါတယ်
( amps or A ) ဆိုတဲ့ unit နဲ့တိုင်းတာပါတယ် ။လျှပ်စစ် ဆိုင်ရာအသုံးအနှုန်းအတွက်အချက်
များ၌ အင်ပီယာကို (A) ဟူ၍သုံးပြီးတစ်ခါတစ်ရံ (I) ဟူ၍ လည်းအတိုကောက်ရေးကြသည်
အထူးသဖြင့် မီတာများပေါ်တွင် (A) သင်္ကေတဖြင့် ရေးလေ့ရှိပြီး အတွက်အချက်များ၌
(I) သင်္ကေတဖြင့်ရေးလေ့ ရှိကြသည် ။ လျှပ်စစ် ပစ္စည်းတစ်ခုခု အလုပ်လုပ်ဖို့လိုအပ်တဲ့
amp (A) သို့ volts တို့ရဲ့ပမာဏကိုတော့ watts (W ) နဲ့ဖော်ပြလေ့ရှိပါတယ်


သူတို့ရဲ့ဆက်စပ်မှုက ဒီလိုပါ

V * A = W
A = W/V


watt နှင့် ampere နှစ်ခုဟာ တိုက်ရိုက် အချိုးကျပါတယ်။

A ------ W/V

Ampere နှင့် voltt နှစ်ခုဟာ ပြောင်းပြန်အချိုးကျပါတယ် ။




ကျွန်တော်တို့ရဲ့ အိမ်သုံးမီတာဟာ ၂၀ Ampere ထိ ခံနိုင်ရည်ရှိပါတယ်။
နောက်တစ်ခုက wire အမျိုးအစား အားလုံးမှာ electron တွေဖြတ်သန်း
စီးဆင်းနေဖို့ ခံနိုင်ရည် (resistance) ဆိုတာရှိပါတယ်။ အဲ့ဒီ ခံနိုင်ရည်အား
resistance ကို တော့ ohms နဲ့တိုင်းတာပါတယ်။ မည်သည့် လျှပ်စီးပတ်
လမ်းကြောင်းတွင်မဆို လျှပ်ခံမှု (Resistance ) ဟုအမည်ပေးထားသည့်
လျှပ်စီး စီးဆင်းသွားခြင်းကို ခုခံဆန့်ကျင့် တားဆီး တတ်သော သဘာဝ
တစ်ခု အမြဲရှိတတ်ပါတယ်။ ခုခံမှုအားနည်းသော လမ်းကြောင်းနှင့် ခုခံအား
ကြီးသောလမ်းကြောင်းဟူ၍ ကွဲပြားချက်ရှိပါတယ် ။လျှပ်ကူးမှု အကောင်းဆုံး
ဖြစ်သည့် ငွေနှင့်ကြေး တို့တွင်လည်း လျှပ်ခံမှုရှိပါတယ် ။အခြားသော လျှပ်ကူး
ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် လျှပ်ခံမှု နည်းပါးခြင်းသာဖြစ်ပါတယ်

လျှပ်စီးပတ်လမ်းကြောင်းတစ်ခုတွင် လျှပ်စစ်ဖိအား ရှိလျှင် လျှပ်စီးကြောင်း
ရှိနေပေမည် ၊သို့သော် ထိုလျှပ်စီးကြောင်း ကိုခုခံတားဆီးထားသော လျှပ်ခံ
ရှိနေပြန်ရာ လျှပ်စီးပမာဏမှာ အကန့်အသတ်မရှိ စီးဆင်းခြင်းမပြုနိုင်ပေ
လျှပ်ခံမှုက ပုံသေဖြစ်နေလျှင် လျှပ်စစ်ဖိအားကို တိုးပေးလျှင် တိုးပေးသည့်
အလျောက်အင်အား ကြီးလာမည်ဖြစ်သည် ၊အကယ်၍ လျှပ်စစ်ဖိအား သည်
ပုံသေဖြစ်ပါက လျှပ်ခံမှုနည်းလျှင် လျှပ်စီးအားကောင်းမည်ဖြစ်ပြီး လျှပ်ခံမှု
အားကြီးမားလျှင် လျှပ်စီးအားနည်းသွားမည်ဖြစ်ပါတယ် ။ လက်တွေ့အပြင်
လျှပ်စစ်လောက၌ လျှပ်စစ်ဖိအားကို ပုံသေထုတ်လုပ်လျက်ရှိရာ လျှပ်စီး
ပမာဏ ကိုလျှပ်ခံအားကသာ ချူပ်ထိန်း ထားလျက်ရှိလေသည်



Pressure = voltage
Volume flowing = Ampere
Work = Wattage
Resistance = Ohms



ပုံမှန် ၀ါယာကြိုးတစ်ချောင်းကို သူ့ခံနိုင်ရည်ရှိတာထက်ပိုပြီး electron
တွေဖြတ်သန်းစီဆင်း စေမယ်ဆိုရင်တော့ ပိုပြီးပူလာမယ် ပေါက်ပြဲပြီး
လောင်ကျွမ်းသွားတတ်ပါတယ်။ဒါကြောင့် ကိုယ်အသုံးပြုမယ့် ၀ါယာကြိုး
နဲ့ ကိုက်ညီမှုရှိဖို့လိုအပ်ပါတယ် ။ electrical wires တိုင်းမှာ ampere rating
ဆိုတာရှိပါတယ် ။ 20 amps ပဲလက်ခံနိုင်တဲ့ wireကို 30 amps လောက်
ဖြတ်သန်းစီးဆင်းစေမယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်



Circuit Breaker နဲ့ Ground wire တို့ဟာ ထိုကဲ့သို့ ရုတ်တရုတ် ampere
မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ကျွန်တော်တို့အသုံးပြုနေကြတဲ့
fuses ဆိုတာကလဲဒီသဘောတရားပါပဲ ။ သူ့ရဲ့ အတွင်းထဲမှာပါဝင်တဲ့
သေးငယ်တဲ့ဝါယာကြိုး မျှင်မျှင်လေးဟာ current များလာရင် ပြတ်တောက်
ဖို့အတွက်ဖြစ်ပါတယ်။




Example

watt 300 ရှိတဲ့ လျှပ်စစ် ပစ္စည်းတစ်ခုခု ဥပမာ FAN ၊ TV ၊ COMPUTER
ဲမြန်မာနိုင်ငံမှာ သုံးတဲ့ Volt အားက 220 V
မီတာက ခံနိုင်ရည် ရှိတာက 20 A နော်
Ampere ဘယ်လောက်ဖြစ်မလဲဆိုတာလေးတွက်ကြည့်မယ်

A = W/V
A = 300/220
A = 1.36
ကျော်ကျော်လောက်ရမယ်



Ampere 20 ပြည့်ဖို့ တော်တော်လိုပါသေးတယ်
Watt 300 လောက်ရှိတဲ့ ပစ္စည်း ဒီထက်ပိုတဲ့ပစ္စည်းအားလုံးရဲ့
Total Ampere ဟာ 20 ထက်မကျော်သင့်ပါဘူး
မီတာပူလာပြီး လောင်ကျွမ်းပျက်စီးသွားတတ်ပါတယ်။